Tuesday, January 24, 2012

မူလတန်းအဆင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတည်ဆောက်မည်

မူလတန်း အဆင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတည်ဆောက်မည်

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့၊ဟန်းတဲရပ်ကွက် အတွင် ဆရာတော် အရှင်သုဇာတ ဦးစီးဦးဆောင်လျက် ဆင်းရဲနွမ်းပါး ပညာမသင်ကြားနိုင်ကြသည့် မြန်မာ့တိုင်းဖွား ညီနောင် အနာဂါတ် မြန်မာ့ မျိုးဆက်သစ် လူငယ် လူရွယ်များ ကို အခမဲ့ ပညာသင်ကြားနိုင်ရန် ရည်စူးပြီး ဖွင့်လှစ်မှာ ဖြစ်ပါသည်။
အဓိကရည်ရွယ်သည်မှာ မိဘမဲ့ကလေးများ ၊ ခိုကိုးရာမဲ့ အနာဂါတ်လူငယ်များ ၊ ပညာ မသင်ကြား နိုင်သည့် ဆင်းရဲနွမ်းပါး လူငယ်များကို ခေါတ်မှီ သော ၊ အရည်အသွေးပြည့်ဝသော ပညာအရည်အချင်း နှင့်အတူနှလုံးရည်ကောင်းမွန်စေရန် ဗုဒ္ဒ အဆုံးအမ တရားတော်အပါအ၀င် အကောင်းဆုံး ဖြစ်နိုင်အောင် ခေါတ်မှီ ပညာတတ်ရဟန်းတော်များ ဦးဆောင်ပြီး လူပညာရှိ ရဟန်းပညာရှိများ နှင့် တိုင်ပင်ညှိနိုင်းကာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
အခြေခံမူလတန်း အဆင့် အောင်မြင်လာပါက အဆင့်ဆင့် အလယ်တန်း အထက်တန်း များ အထိ တိုးချဲ့နိုင်အောင်ကြိုးစားသွားပါမည်။ နိုင်ငံတကာ ပညာရေး စံချိန် စံညွန်း များကို အခြေပြုပြီး စေတနာ ၀ါသနာ အနှစ်နာ ခံနိုင်ရည်စွမ်းရှိသော ဆရာ ဆရာမ များကို ဦးစားပေးပြီး ဖွင့်လှစ်သွားမှာ ဖြစ်ပါသည်။
မျောက်ပြ ဆန်တောင်စား ၊ ကလေးပြ အလှူခံစား တက်ကြွမူမရှိသော ဆရာ ဆရာမများ စသော အကျင့်ဆိုးများ ကို အဓိက ရှောင်ကြည်ပြီး တိုင်းရင်သားလူမျိုး တန်းတူ ညီတူ ဆက်ဆံရေးပညာ လူမူရေးပညာ မူလတန်းအဆင့်သည်ပင် အင်္ဂလိပ်စကားကောင်းကောင်း ပြောဆို နိုင်ြ့ပီး ၊ အခြေ အနေ အပေါ်မူတည်၍ ကွန်ပြူတာ ပညာရပ် များကိုလည်း သင်ကြားပေးနိုင်အောင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည် ။
ယခုအခါ မြေဧက ( ၃) ဧကမျှ အဆင်သင့်ရှိနေပါပြီ ၊ ထိုနေရာတွင် အဆောက် အဦးများလိုအပ်နေပါသဖြင့် ပရဟိတ လူသားချင်း စာနာထောက်ထားတတ်သည့် ပါရမီရှင် သဒ္ဓါရှင် မေတ္တာရှင်များကို ဦးဇင်းတို့ နှင့် အတူ ပါဝင်ပြီး ကုသိုလ်တရားများ ပွားများနိုင်ပါသည်။ ပညာရေးတွင် စိတ်အားထက်သန်သော ပညာပါရမီ ဆည်းပူးဖြည့်ကျင့်လိုသူများ ဦးဇင်းတို့ နှင့် ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း တိုက်တွန်းအပ်ပါသည်။
တကယ်လိုအပ်သည့် နေရာတွင် ပိုလျှံသည့် လုံလောက်သည့် မိမိတို့ ဓနဥစ္စာ များမှ တန်ဖိုးရှိသော မွန်မြသော အလှူဒါန မြတ်ပုည ပညာဒါန စသည့် ကောင်းမြတ်သည့် ကုသိုလ်အနှစ်သာရများ ကို ဦးဇင်းတို့ နှင့် အတူ လက်တွဲ ဆောင်ရွက်နိုင်ပါကြောင်း သိပေးအပ်ပါသည်။

ဆက်သွယ်ရန်လိပ်စာ
အရှင်သုဇာတ
ဗုဒ္ဓဂါယာ ၊ မာဂဓတက္ကသိုလ်
အိန္ဒိယနိုင်ငံ
Ph=0091-8804257403
   
 သာသနာ့လင်းရောင်ခြည်ဆရာတော်
ဟန်းတဲရပ်ကွက် ၊ ဗန်းမော်မြို့ ၊ ကချင်ပြည်နယ်
မြန်မာနိုင်ငံ
ဖုံး =၀၇၄-၅၀၇၃၄
                                                                                       

No comments:

Post a Comment